။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ သူမြတ်ကျင့်ထုံး လက်ကိုင်သုံးပါစေ။။ အာရုံယစ်မူး ​ပျော်မကြူးစေနှင့်။။ လောကဓံဘယ်လိုကြုံ မဖြုံစတမ်းမာပါစေ။။ လူနှင့်လူချင်း ရန်စစ်ခင်းခြင်းကို အားမပေးပါနှင့်။။ ဒုက္ခလွတ်ကင်း အလင်းပေါက်ရောက်အောင်နေတတ်ပါစေ။။ သောကကိုထိန်း ရမ္မက်သိမ်းတတ်ပါစေ။။ မာနတံခွန် ဂုဏ်ခံပြီး မနေပါနှင့်။။ လူနှင့်ဆိုင်ရာကျင့်ဝတ်တရားတွေကို လိုက်နာတတ်ပါစေ။။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းတတ်ပါစေ။။ ဝတ်မူအထွေထွေ အမြဲကျေပါစေ။။ တာဝန်ဝတ္တရား အမြဲမလစ်ဟင်းပါစေနှင့်။။ မှောက်မှားတတ်သည့် မည်သည့်အရာမဆို သတိထားပြီး တရားကို ဘယ်တော့မှ မမေ့ပါစေနှင့်။ တောင်ကလေးဆရာတော်(၂၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)